ဂရုဏာရှင် ယေဇူး၏ တမန်တော်။

သီလရှင် ဖော်စတီးနားသည် ငယ်နာမည် ဟယ်လင်ကာဝါး စကား ဖြစ်သည်။ မွေးခြင်း ခြောက်ဦး၏ တတိယမြောက်သမီး ရတနာဖြစ်သည်။ ပိုလန်နိုင်ငံ လိုဝီမြို့ အနီး ဂလိုရီဝီရှားတွင် မွေးဖွားခဲ့သည်။ အသက် (၂၀) နှစ် အရွယ်တွင် "မယ်တော်ဂရုဏာ" ဂိုဏ်းဝင်သီလရှင်တစ်ပါး ဖြစ်လာသည်။ ထိုအသင်း၏ အဓိက လုပ်ငန်းမှာ၊ လမ်းမှားရောက်နေသော အမျိုးသမီးများကို ပြန်လည်ထူထောင် နေရာချထား ပေးရေးနှင့် စာရိတ္တပျက်ပြား ထိခိုက်နိုင်သော အခြေအနေများတွင် ရှိသော မိန်းကလေးငယ်များအား ကယ်တင် အကူအညီပေးခြင်း တို့ဖြစ်သည်။
သီလရှင် ဖော်စတီးနားသည် (၁၉၃၄) ခုနှစ်တွင် သူမ၏ ၀ိညာဉ်လမ်းညွှန် ဘုန်းတော်ကြီး၏ စေခိုင်းချက်အား နာခံလျက်  "ကျွန်မ ၀ိညာဉ်ထဲက ဂရုဏာရှင်" ဟုခေါင်းစဉ်တပ်ပြီး မှတ်တမ်း စာစောင်ကို စတင်ပြုစုခဲ့သည်။ ထိုမှတ်တမ်းတွင် ထူးခြားသော ၀ိညာဉ်အတွေ့အကြုံများ၊ သခင်ယေဇူးနှင့် တွေ့ဆုံဆက်သွယ်ပုံများ ကိုလေးနက်ခမ်းနားစွာ ဖော်ပြထားသည်။ သူမအားလည်း အထူး တာဝန်တစ်ရပ် ထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။ မွန်မြတ်သော နှုတ်ကပတ်တော်တွင် ပါဝင်သော သခင်ယေဇူး၏ သနားဂရုဏာ အကြောင်းဟောပြောရန်ဖြစ်သည်။ လူသားတိုင်း အထူးသဖြင့် လိုအပ်နေသော အပြစ်သည်များအတွက် သခင်ယေဇူး၏ ဂရုဏာသနားခြင်းအား ပြန်လည်ဟောကြားရမည်။ ဂရုဏာရှင်ယေဇူးအား တမူထူးခြားသော သဒ္ဒါကြည်ညိုနည်း၊ ဂုဏ်ပြုရမည့် နည်းလမ်းသစ်များကို သင်ကြားခဲ့သည်။ သီလရှင်၏ မှတ်တမ်းစာအုပ် ခြောက်အုပ်တွင် ဤ တာဝန်ကို ဆောင်ရွက်ရန် စာပိုဒ်များ များစွာ တွေ့ရသည်။

၁၉၃၇ ခုနှစ် ဇွန်လ (၄)ရက်နေ့တွင် ယနေ့ ယေဇူးရွှေနှလုံးတော်ပွဲနေ့ မစ္ဆားပူဇော်ချိန်တွင် သိခွင့် ရခဲ့သည်။ ယေဇူးရွှေနှလုံးတော်၌ ချစ်လွန်း၍ သွန်းလောင်းနေသော မီးလျံ၏ သဘာဝ၊ အဆုံးမရှိသော မဟာ သမုဒ္ဒရာ (အဏ္ဏ၀ါ) ထဲတွင် ရှိသော ယေဇူးအရှင်မြတ်၏ အဖြစ်တို့ဖြစ်သည်။ ဤတွင် ကျွန်မ၏ ကိုယ်တွင်းမှလာသော အသံတစ်ခုကို ကြားရသည်။ ငါ၏ သနားခြင်း ဂရုဏာမေတ္တာ အကြောင်း ဟောပြောပါ။ ဟောပြောသည့် အချိန်တွင် ကြုံရမည့် ဒုက္ခအခက်အခဲနှင့် အတားအဆီးများကို မကြောက်ပါနှင့် ကြုံရမည့် ဒုက္ခများသည် အလွန် ခက်ထန်ခါးသီး လိမ့်မည်။ သို့သော် သင့်အတွက် စင်ကြယ် မွန်မြတ်ရန်နှင့် ထိုအရာအားလုံးသည် ငါဘုရားထံမှ လာသည့် အထောက်အထား ဖြစ်စေရန် လိုအပ်သည်။ ငါ၏ ချစ်သမီး ငါမှာကြားသည့် ငါ၏ ဂရုဏာတော်နှင့် ပတ်သက်သည့် အရာများ တစ်ခုမကျန် အလေးအနက်ထား၍ မှတ်တမ်းတင်ပါ၊ ဤကဲ့သို့ မှာရခြင်း အကြောင်းရင်းမှာ လူသားနှင့် ၀ိညာဉ်များ အတွက် အကျိုးခံစား ကြရလိမ့်မည်။

မှတ်တမ်း တနေရာတွင် ရေးသားထားသည်မှာ -
ချစ်သမီး ငါ၏ ဂရုဏာ အတွင်းရေးမူး ဤအကြောင်းများကို ရေးသားကြေငြာ ဟောပြောရုံမက၊ စိတ်အား ထက်သန်မှု့ အပြည့်ဖြင့် ငါ၏ ကျေးဇူးတော်များကို ဆွတ်ခူးခပ်ယူပေးပါ။ ဤကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် သူတို့ အားလုံးသည် ငါ၏ ဂရုဏာ သနားခြင်းကို ဂုဏ်ပြု ချီးကျူးနိုင်ကြလိမ့်မည်။

"ချစ်သမီး ငါ၏ ကောင်းမြတ်တော်မူခြင်းများနှင့် ပတ်သက်သော အရာများကို သင်သိသမျှ တစ်ခုမျှမကျန် ရေသားမှတ်တမ်းတင်လော့" ဟု ယေဇူးသခင်မှ မိန့်တော်မူသောအခါ သီလရှင် ဖော်စတီးနားမှ "ဤမျှများပြားသော အရာများကို မှတ်တမ်းတင်ပါက များလွန်းခြင်း မဖြစ်ပါသလော သခင်" ဟု မေးတော်မူလျှင် ချစ်သမီး ရှိရှိ သမျှ ဘာသာစကားအမျိုးမျိုး ပြောဆိုကြသည့် လူသား အားလုံးနှင့် ကောင်းကင်တမန်များ တပြိုင်တည်း ပြောဆိုချီးမွမ်းသည့်တိုင် ငါ၏ ကောင်းမြတ်တော်မူခြင်းကား အနည်းငယ်မျှသာ ဂုဏ်ပြုရာကျသေးသည်။ ထိုအခါ သီလရှင် ဖော်စတီးနားက ကျွန်ုပ်၏ ယေဇူးသခင် ကိုယ်တော်တိုင် ကြွရောက်တော်မူ၍ ကျွန်မ၏ လျှာတွင် စကားလုံးများကို တင်ပေးပါ။ သို့မှသာလျှင် နိမ့်ကျသော ကျွန်မသည် ကိုယ်တော်အား ထိုင်တန်စွာ ချီးမွမ်းနိုင်ပါလိမ့်မည်။" ဟု ပြန်လျှောက်သော အခါ၌မူ ယေဇူးက ချစ်သမီး စိုးရိမ်ပူပန်မှုမရှိနှင့် ငါမှာကြားသမျှကို ရဲရဲဝံ့ဝံ့ဆောင်ရွက်လော့။ သင်သည် ငါနှင့်အသိဥာဏ်ခြင်း ပေါင်းစပ်လျက်ရှိသည်။ သို့အတွက်ကြောင့် သင်၏ အသိဥာဏ်တွင်း ရှိသမျှကို ရေးချလော့၊ သင်သည် ငါဘုရား၏ ဂရုဏာတော်နှင့် ပတ်သက်သော အတွင်းရေးမှူးဖြစ်သည်။ သင့်အား ဤလုပ်ငန်းကို ဆောင်ရွက်ရန် ဤဘ၀တွင်လည်းကောင်း နောင်လာလတ္တံသော ဘ၀တွင် လည်းကောင်း ငါ ရွေးကောက်တော်မူသည်။ သင်ရင်ဆိုင်ရမည့် အတား အဆီးများစွာကို ငါသည်သိလျှက်နှင့် သင့်ရွေးကောက်ရန် ဆန္ဒရှိသည်။ ငါဘုရား၏ အလိုတော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။


သူတော်မြတ် ဖော်စတီးနားသည် ၁၉၃၈ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ သက်တော် (၃၃)နှစ်တွင် ကွယ်လွန်တော်မူသည်။ ထိုနေ့သည် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်တော့မည့် အကြိုနေ့ဖြစ်သည်။ သီလရှင်မြတ်သည် စစ်ကြီးအကြောင်း စစ်၏ ဆိုးကျိုးရလာဒ်များ အကြောင်း၊ ခံရမည့် ဒုက္ခများအကြောင်း များကို သူမနှင့် အတူနေသော အခြားသီလရှင်များအား ကြိုတင် ဟောကိန်းထုတ်ခဲ့သည်။ သူမ ဟောကြားခဲ့သည်မှာ တကမ္ဘာလုံး အတိုင်းအတာတွင် ဖြစ်မည့် အခြေအနေကို ဟောကြား သတိပေးခဲ့သည်။


သီလရှင် သူတော်မြတ်သည် ဂရုဏာ သတင်းစကားအတွက် အသက်ရှင်ခြင်း၊ ဒုက္ခခံခြင်း၊ သေခြင်းတို့သည် ဘုရားသခင်မှ လူသားများအတွက် ကြိုတင်စီမံထားသော အသုံးချခံပစ္စည်း တစ်ခုဖြစ်သည်။ သို့ဖြစ်၍ လူသားတစ်ဦးစီ ကျူးလွန်ခဲ့သော အပြစ်များကြောင့် ဖြစ်လာမည့် ဆိုးကျိုးများအတွက် နှစ်သိမ့်ခြင်း၊ အားပေးခြင်းနှင့် မျှော်လင့်ခြင်းများ ရှိစေသည်။


သီလရှင် ဖော်စတီးနားအားဖြင့် ရိုးရိုးသာမန် ဂရုဏာရှင် ယေဇူးအား သဒ္ဒါကြည်ညိုမှုသည် တန်ခိုးကြီးထင်ရှားသော သဒ္ဒါကြည်ညိုမှုဖြစ်လာသည်။ သီလရှင်မြတ်၏ ဇာတိ ပိုလန်နိုင်ငံအနှံသို့လည်းကောင်း၊ ကြောက်မက်ခြောက်ခြားဖွယ်ကောင်းသော ပိုလန်နိုင်ငံ အနှံရှိ အကျဉ်းစခန်းများ အတွင်းသို့လည်းကောင်း အဆုံး၌ ကမ္ဘာအနှံသို့ စစ်ပြေးဒုက္ခသည်များနှင့် အတူ ပြန့်ပွားခဲ့သည်။


သီလရှင်မြတ် ကြိုတင်ဟောကြားသည့်အတိုင်း သဒ္ဒါကြည်ညိုခြင်းသည် အသင်းတော်မှ ပိတ်ပင်တားမြစ်ခြင်း ခံရသည်။ ဤသဒ္ဒါကြည်ညိုခြင်းအား ပြန်လည် ခွင့်ပြုသည့်အခါ အရှိန်အဟုန် မြင့်မားစွာနှင့် ပြန်လည် ရှင်သန်ပြန်ပွားလိမ့်မည်ဟု သီလရှင်မြတ် ဟောကြားခဲ့သည်။ ၁၉၇၈ ခုနှစ် ဧပြီလ (၁၅) ရက်နေ့တွင် ဤသဒ္ဒါကြည်ညိုခြင်းအား ပြန်လည်ပြုလုပ်ခွင့်ကို အသင်းတော်မှ ခွင့်ပြုသည်။ ဂရုဏာရှင်ယေဇူးအား သဒ္ဒါကြည်ညိုခြင်းအမှုကို ပြန်လည်လေ့လာ ရှာဖွေကြိုးစားခဲ့သော အဓိကပုဂ္ဂိုလ်မှာ ပိုလန်နိုင်ငံမှ ကာဒီနယ် တစ်ပါးဖြစ်သည်။ ထိုအချိန်မှ စ၍ ခြောက်လကြာသောအခါ ထိုကာဒီနယ်သည် ဒုတိယမြောက် ယောဟန်ပေါလူး အမည်ဖြင့် ရဟန်းမင်းကြီး အဖြစ် တင်မြောက်ခြင်းခံသည်။ ၁၉၈၁ ခုနှစ် ယေဇူးဘုရင်ပွဲနေ့တွင် ရဟန်းမင်းကြီးသည် "ဂရုဏာမေတ္တာဗိမ္မာန်" ရှေ့တွင် ရောက်ရှိနေသည်။ ရဟန်းမင်းကြီးသည် လုပ်ကြံခြင်းမှ ရရှိသော ဒဏ်များ သက်သာလျက်ရှိသော အချိန်ဖြစ်သည်။ ထိုအချိန်တွင် ရဟန်းမင်းကြီးမှ ဤကဲ့သို့ ကြော်ငြာချက် တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။


လွန်ခဲ့သော တစ်နှစ်ခန့်က ကျွန်ုပ် ဂရုဏာရှင်ဟူသော ကြော်ငြာစာတမ်း တစ်စောင် ဖြန့်ဝေခဲ့သည်။ ယခုအခြေအနေသည် ကျွန်ုပ်တို့အား ဤ "ဂရုဏာဗိမ္မာန်" ကို ခိုလှုံရာနေခြင်းသည် ကျွန်ုပ်ထုတ်ဝေခဲ့သော ဂရုဏာရှင် စာတမ်းပါ သတင်းတော်မြတ်အား ပြန်လည် အတည်ပြုခြင်းဖြစ်သည်။


ယခုထပ်မံ ကျွန်ုပ်ဖတ်ကြား၍ ဖြန့်ဝေရန် အလိုရှိသည်။ စိန်ပီတာ၏ အရိုက်အရာကို ကျွန်ုပ်ခံယူသော အချိန်မှစ၍ သတင်းစကားနှင့် ပတ်သက်သော လုပ်ငန်းများသည် ကျွန်ုပ်၏ အထူးလုပ်ငန်းအဖြစ် ခံယူထားသည်။ အသင်းတော် ကမ္ဘာနှင့် လူသားတို့၏ လက်ရှိ အခြေအနေတွင် ကျွန်ုပ်အား ထာဝရ ဘုရားမှာ ခန့်အပ်ခြင်းဖြစ်သည်။ ရှင်းလင်းစွာ ဖော်ပြရမည် ဆိုလျှင် လက်ရှိ အခြေအနေသည် ကျွန်ုပ်အား ဘုရားသခင် အတွက် ဆောင်ရွက်ပေးရန် တာဝန်ပေးခြင်းဖြစ်သည်။


 ဤလုပ်ငန်းတော်၏ တားဆီးပိတ်ပင်ခံရခြင်း အရှိန်အ၀ါဖြင့် ပြန်လည်၍ ရှင်သန်ပြန့်ပွားခြင်းနှင့် ပတ်သက်၍ သီလရှင်၏ စာပိုဒ် တစ်ပိုဒ်တွင် "သခင်ဘုရား ဆုံးဖြတ်ပြီးသော အရာအား ပြန်လည် ပြင်ဆင် လိမ့်မည်မဟုတ်"။