ဂရုဏာရှင် ယေဇူးအား သဒ္ဒါကြည်ညိုခြင်း၏ အဓိကသော့ချက်

ဤ သဒ္ဒါကြည်ညိုခြင်းတစ်ခုလုံးတွင် အခြေခံအကျဆုံးနှင့် မရှိမဖြစ် အဓိကသော့ချက်သည် "ယုံကြည်ခြင်း" ဖြစ်သည်။ ယေဇူးသခင်၌ လုံးဝအပ်နှံ ယုံကြည်သော ယုံကြည်ခြင်းများ ဖြစ်သည်။ သီလရှင်မြတ်၏ မှတ်တမ်းထဲတွင် ယေဇူးသခင် အထပ်ထပ် တောင်းဆိုသည်မှာ -

ငါ၏ ဂရုဏာသနားခြင်းတွင် လုံးဝ အပ်နှံယုံကြည်ခြင်း၊ ခိုလှုံမှု မပြုသော ၀ိညာဉ်များသည် တရားမျှတသော အကျိုးကို ခံစားရလိမ့်မည် မဟုတ်။

အဆိုးဆုံး အပြစ်သည်များကို ငါ၏ ဂရုဏာသနားခြင်းမှာ ယုံကြည်အပ်နှံစေပါ။ အခြားသူများထက် ဦးစွာ ယုံကြည်ခြင်း အကျိုးကို ငါ၏ ဂရုဏာစမ်းအိုင်အတွင်း၌ ထိုသူတို့ ခံစားခွင့်ရှိမည်။

ဆုကျေးဇူးများကို ရယူရန် ပြွန်တစ်ခုတည်းသာ ရှိသည် သင်၏ ယုံကြည်မှု့ကြီးမားခဲ့လျှင် ငါ၏ ရက်ရောမှု အတိုင်းအတာကို သိနိုင်လိမ့်မည် မဟုတ်။

မယုံကြည် သံသယရှိခြင်းသည် ငါ့အား အနာကြင်ဆုံးဒဏ်ကို ဖြစ်စေသည်။