ဂရုဏာရှင်ပုံတော်
(ယေဇူးသခင် ကိုယ်တော်အား ကျွန်ုပ်ယုံကြည် အားကိုးပါသည်။)

သီလရှင် ဖော်စတီးနား၏ လုပ်ငန်းတော်သည် ၁၉၃၁ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် စတင်ခဲ့သည်။ ၀တ်ရုံတော် အဖြူကို ၀တ်ဆင်လျှက် လက်တော်တစ်ဖက်သည် မြှောက်၍ ကောင်းကြီးပေးလျှက် ကျန်လက်တစ်ဖက်သည် ရင်ဘက်၌ ဖိလျှက် ယေဇူးသခင်သည် သီလရှင်အား ထင်ရှားပြတော်မူ၏။ ရင်ဘတ်တော်မှ အလင်းရောင် တစ်စုံဖြာထွက်လျက်ရှိသည်။ အလင်းရောင်တစ်ခုမှာ အနီရောင် ဖြစ်၍ ကျန်တစ်ခုမှာ ရောင်ဖျော့လျက်ရှိသည်။ သီလရှင်မြတ်သည် ကြောက်လန့်ခြင်းနှင့် ၀မ်းမြောက်ခြင်းရောလျှက် စူးစိုက်၍ ကြည့်နေ၏။ ထိုခဏ၌ သခင်ဘုရားက "သင်ယခုမြင်ရသည့်အတိုင်း ငါ့ပုံ ကားချပ်ကို ရေးဆွဲပါ။  ပုံ၏ အောက်တွင် ယေဇူးသခင် ကိုယ်တော်အား ကျွန်ုပ်ယုံကြည်၍ အားကိုးပါ၏" ဟု ကဗ္ဗည်းရေးထားပါ။ ဤပုံတော်ကို ယုံကြည်အားကိုး၍ ဂုဏ်ပြုသူ မည်သူမဆို ပျက်ဆီး ဆုံးရှုံးခြင်း မရှိစေရ။ လောက၌ ရောက်နှင့် နေပြီးသော သူ၏ ရန်သူများကို အောင်မြင် ကျော်လွန်နိုင်ရမည်။ အထူးသဖြင့် သေခါနီးသော အချိန်တွင် ကူညီခြင်း ခံရမည်။ လူသားများ အတွက် ကျေးဇူးတော်ရရန် အတွက် သွေးကြောကြီး တစ်ခုပေးထားသည်။ ထိုသွေးကြောပြွန်ကား ငါ၏ ဂရုဏာစမ်းအိုင်တွင်းရှိ ကျေးဇူးတော်များ အဆက်မပြတ် ရယူကြပါစေ။

ဤပုံတော်ကို ပထမသင်၏ ဘုရားကျောင်းဆောင်အတွင်းတွင် ပူဇော်ပြီးနောက် ကမ္ဘာတစ်ဝှမ်းလုံးကို ပြန့်နှံစေပြီး ဂုဏ်ပြုပူဇော်ကြပါစေ။

သီလရှင်မြတ်သည် လမ်းညွှန်ဘုန်းတော်ကြီး၏ တိုက်တွန်းချက်ဖြင့် ပုံတော်ပေါ်ရှိ ရောင်ခြည်တော်များ အကြောင်းမေးမြန်းသောအခါ သီလရှင်ပြန်ကြားရသော အသံမှာ - အလင်းရောင်တန်း နှစ်သည် သွေးနှင့် ရေအား ကိုယ်စားပြုပြီး ၀ိညာဉ်၏ အသက်ဖြစ်သည်။ လက်ဝါးကားတိုင်ပေါ်တွင် ရှိစဉ် ငါ၏ နှလုံးသားကို လှံဖြင့် ထိုးဖောက်ခြင်းမှ ငါ၏ နူးညံသော နှလုံးတော်၏ သနားကြင်နာခြင်းမှ ယိုထွက်ကျလာသည့် ဤသွေးနှင့် ရေတို့၏ ခိုလှုံမှုအောက်တွင် နေရသူသည် ၀မ်းမြောက်ခြင်းရှိမည်။ အကြောင်းမှာ တရားမျှတသော သခင်ဘုရား၏ လက်တော်သည် သူ့ကို ထိလိမ့်မည်မဟုတ်။

နောက်တစ်ကြိမ်တွင်မူ - "ဤပုံတော်အားဖြင့် များစွာသော ကျေးဇူးတော်များကို သွန်းလောင်းပေးမည်။ ငါ၏ ဂရုဏာတော်မှ တောင်းဆိုချက်များကို ပုံတော်က ဖော်ပြသည်။ အကြောင်းမူကား ယုံကြည်ခြင်း အကြီးမားဆုံးသော သူပင် ဖြစ်စေ ဂရုဏာလုပ်ငန်း မပါဝင်လျှင် အရာထင်မည် မဟုတ်။