ဂရုဏာရှင်ယေဇူး ပွဲနေ့

ဂရုဏာရှင်ယေဇူး၏ ပွဲတော်အား အသင်းတော်၌ တရားဝင်ကျင်းပရေးအတွက် တောင်းဆိုချက်များသည် သီလရှင်၏ မှတ်တမ်း၌ အကြိမ်ပေါင်း (၁၄)ကြိမ်ထက်မနည်း ပါဝင်သည်။

ဤပွဲတော်ကို အလွန်လေးနက်ခမ်းနားစွာ ကျင်းပစေ လိုသည်။ ပါစကားပွဲပြီးနောက် ပထမတနင်္ဂနွေနေ့တွင် ကျင်းပစေလိုသည်။ ဤပွဲတော်သည် ငါ၏ အလွန် နူးညံ့သော သနားခြင်းမှ ပေါက်ဖွားလာသည်။ ငါ၏ ဂရုဏာသနားခြင်းမှာ ခိုင်မာရှင်သန်စေသည်။ ဤပွဲတော်ကို ၀ိညာဉ်အားလုံးနှင့် အထူးသဖြင့် အပြစ်သည်များအတွက် ခိုလှုံအားကိုးရာ ဖြစ်စေလိုသည်။ ငါ၏ ဂရုဏာသနားခြင်း လုံးလုံးဖွင့်ထားသောနေ့ ဖြစ်သည်။ ငါ၏ ဂရုဏာစမ်းအိုင်တွင်းသို့ ချည်းကပ်သော မည်သူမဆို ကြီးမားသော ကျေးဇူးတော် သွန်းလောင်းပေးမည်။

ထိုနေ့တွင် အာပတ်ဖြေ ကိုယ်တော်မြတ်ပင့်သူအား စုံလင်သော အပြစ် ခွင့်လွတ်ခြင်း၊ ဒါဏ်ခတ်စီရင်ခြင်းတို့မှ ကင်းလွတ်ခွင့် ကျေးဇူးခံစားရမည်။ အပြစ်များ၍ အဆင်းပျက်သော ၀ိညာဉ်ပင်လျှင် ငါ့ထံသို့ လာရန် မကြောက်ရွံ့စေနှင့်၊ ထိုက်တန်စွာ ပင့်ယူသော ကိုယ်တော်မြတ်တိုင်းသည် ဆေးကြောခြင်းဖြင့် ရရှိသော အပြစ်ကင်းစင်ခြင်း ကျေးဇူးတော် (ဖြောင့်မတ်ခြင်း ကျေးဇူးတော်) ကို ပြန်၍ ရရှိစေမည်။ ယေဇူးသခင်မှ ဤပွဲနေ့၌ ကျေးဇူးတော်များ စီးဆင်းရာ ရေသွယ်မြောင်း တလျှောက်ရှိ ရေတံခါးများအားလုံး ဖွင့်ထားလျက်ရှိသည်။

(ပါစကားပြီးနောက် ပထမတနင်္ဂနွေနေ့သည် အသင်းတော်သည် ပါစကားပွဲပြီး တတိယတနင်္ဂနွေနေ့ဟု သတ်မှတ်ထားသည်။)

ပွဲနေ့နှင့် ပတ်သက်၍ ဆက်လက်ဖော်ပြထားသည်မှာ - 
(၁) ဂရုဏာပွဲနေ့တွင် ကိုယ်တော်မြတ်ပင့်ယူခြင်း။

(၂) ပွဲနေ့တွင် ပင့်ယူသော ကိုယ်တော်မြတ်နှင့် နွယ်၍လည်းကောင်း တနင်္ဂနွေနေ့မတိုင်မှီ (သို့မဟုတ်) အလွန် (၃/၄) ရက်တွင် ပြုလုပ်ရန်။

- ငါ၏ ဂရုဏာရှင်ပွဲနေ့မှာ မှေးမှိန်ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေသည့်သူများကို ကမ္ဘာအနှံ့လိုက်ရှာ၍ ငါ၏ ဂရုဏာ မေတ္တာတည်ရှိရာသို့ ခေါ်ခဲ့လော။

- ကိုယ်တော်မြတ်ဖူးမျှော်ခြင်းဖြင့် တကမ္ဘာလုံး ဂရုဏာသနားခြင်း ရရှိစေရန် ရည်ရွယ်ကြလော့။