ဂရုဏာရှင် ယေဇူး လစ်တာနီ


ဘုရားသခင်အား ချစ်ခြင်းသည် ပန်းပွင့်ဖြစ်သည်။ သနားခြင်း ဂရုဏာသည် အသီးဖြစ်၏။ သံသယရှိသူများ ဤဆင်ခြင်မှုများကို ဖတ်ရှုရ၍ ယုံကြည်အားကိုးမှုများ ဖြစ်ပါစေ။


  • ခမည်းတော်ဘုရား၏ ရင်ခွင်တော်မှ ယိုဖိတ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။
  • ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ဂုဏ်တော်ဖြစ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။
  •  နားလည်ရန် ခက်ခဲ၍ နက်နဲရာ ဖြစ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  • ပဂ္ဂိုလ်သုံးပါး တစ်ဆူဘုရား၏ နက်နဲရာမှ ယိုစီးတော်မူသော စမ်းအိုင်တော် ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  • ကောင်းကင်တမန်နှင့် လူသားများ၏ ဥာဏ်စွမ်းဖြင့် မမှီနိုင်သော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  • ဘ၀အသက်တာ ရှင်သန်ခြင်းနှင့် ပျော်ရွှင်ခြင်းများပေါ်ထွန်းရာ ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  • ကောင်းကင်ဘုံထက် သာလွန်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  • တန်ခိုးလက္ခဏာနှင့် အံ့ဘွယ်ရာများ၏ အရင်းအမြစ်တော်ဖြစ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  • စင်္ကြာဝဠာတစ်ခုလုံးကို လွမ်းခြုံထားတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  နှုတ်ကပတ်တော်သည် လူ့အဖြစ်ကို ယူတော်မူ၍ ဤလောကသို့ ကြွလာတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  • ယေဇူးသခင်၏ ပွင့်နေသော နှလုံးသားဒါဏ်ရာတော်မှ ယိုစီးကျတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  • ကျွန်ုပ်တို့နှင့် အထူးသဖြင့် အပြစ်သည်များအတွက် ယေဇူးသခင်၏ နှလုံးတော်ထဲတွင် သိမ်းထားတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  နှိုင်းယှဉ်တိုင်းတာ၍ မရနိုင်၊ ကိုယ်တော်မြတ် စက္ကရမင်တူး၌ တည်ရှိတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  • သန့်ရှင်းသော ဆေးကြောခြင်း စက္ကရမင်တူးတွင် ကျိန်းဝပ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ယေဇူးသခင်အားဖြင့် ကျွန်ုပ်တို့အား ဖြောင့်မတ်ရာကို ဖြစ်ပေါ်စေဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကျွန်ုပ်တို့ ဘ၀တစ်သက်တာလုံး အဖော်ပြုနေရမည့် ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကျွန်ုပ်တို့အား အထူးသဖြင့် သေခါနီးအချိန်တွင် ပိုက်ထွေးထားတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကျွန်ုပ်တို့၏ အသက်တာအချိန်တိုင်းတွင် ဖော်ပြုနေရမည့် ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကျွန်ုပ်တို့အား ငရဲ မီးဒါဏ်မှ ကာကွယ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ခက်ထန်သော အပြစ်သည်များအား ပြောင်းလဲစေတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကောင်းကင်တမန်များကို အံ့အားသင့်စေ၍ သူတော်စင်များ အဖြေရှာမရနိုင်သော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ဘုရားသခင်၏ အံ့ဖွယ်ရာများ အားလုံးနှင့် တုနှိုင်း၍ မရသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကျွန်ုပ်တို့အား စိတ်ပျက်အားငယ်ခြင်းမှ ကယ်နှုတ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကျွန်ုပ်တို့၏ ရွှင်လန်းခြင်း၊ ၀မ်းမြောက်ခြင်း၏ အစပျိုးရာ ဖြစ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကျွန်ုပ်တို့ကို မရှိသော ဘ၀မှ တည်ရှိသော ဘ၀သို့ ခေါ်ဆောင်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ခမည်းတော်ဘုရား၏ အမှုတော်များအားလုံးကို ပိုက်ထွေးထားတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ခမည်းတော်ဘုရားမှ ဖန်ဆင်းထားတော်မူသော အရာအားလုံး၏ သရဖူဖြစ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကျွန်ုပ်တို့အားလုံးကို လွှမ်းမိုးမြုပ်နှံထားတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  စိတ်ဒုက္ခရောက်နေသော နှလုံးသားများ၏ ချိုမြသော သက်သာခြင်းကို ဖြစ်စေတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  မျေလင့်ခြင်း ကင်းမဲ့သူတို့၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်တော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ကြောက်လန့်တုန်လှုပ်ခြင်းများ အကြားတွင် နှလုံးသားများကို စိတ်ချ ယုံကြည်ခြင်း ငြိမ်သက်ခြင်း ဖြစ်စေတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  ဖြူစင်သန့်ရှင်းသူများ၏ ၀မ်းမြောက်ခြင်း ပီတိ ဖြစ်ခြင်းကို ဖြစ်စေတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

  •  မျှော်လင့်ခြင်း ကင်းမဲ့ခြင်းအပေါ် ထပ်ဆင့် မျှော်လင့်ခြင်းများကို ပေးတော်မူသော ဂရုဏာရှင်ယေဇူး
ကိုယ်တော်ကို ယုံကြည်အားကိုးပါသည်။

ဆုတောင်းကြစို့
ထာဝရအဖ ဘုရားသခင်၌ ဂရုဏာတော်သည် အဆုံးမရှိပါ။ သနားကြင်နာတော်မူခြင်းသည်လည်း မကုန်ခန်းနိုင်ပါ ကျွန်ုပ်တို့အား ကြင်နာစွာ ကြည့်တော်မူပါ။ ခက်ခဲသော အချိန်အခါများ၌ ကျွန်ုပ်တို့သည် စိတ်ပျက်အားငယ်ခြင်း မရှိဘဲ ယုံကြည်ခြင်းများစွာဖြင့် ကျွန်ုပ်တို့ကို ကိုယ်တော်၏ သန့်ရှင်းသော အလိုတော်ဖြစ်သည့် ချစ်ခြင်း၊ သနားကြင်နာခြင်း များဖြင့် ဆက်ကပ် ပူဇော်နိုင်ရန် မစတော်မူပါ။ အဆုံးမရှိ အဖြေရှာ၍ မရနိုင်သော ဂရုဏာရှင် ကိုယ်တော်အား မည်သူသည် ထိုက်တန်စွာ ချီးမွမ်း ထောက်ပနာပြုနိုင်ပါ မည်နည်း။

အားလုံးစုံကို တတ်နိုင်တော်မူသော ဘုရားသခင်၏ ကြီးမြတ်တော်မူသော ဂုဏ်တော်အရှင်သခင်၊ အရှင်သခင်သည် အပြစ်သည်များ၏ ချိုမြသော မျှော်လင့်ခြင်း ဖြစ်တော်မူပါသည်။ အာမင်။